vega travel bangkokbangkok travel
Home     Airtickets     Hotels     Travels     Visa     Contact     Payment     မြန်မာများအတွက်

ဘန်ကောက် ဇင်းမယ် ၄ ညအိပ် ၅ ရက်ခရီးစဉ်

ပထမနေ့
ရန်ကုန်မှ ဘန်ကောက်သို့ လေယာဉ်ဖြင့်သွားမည်။ ဘန်ကောက်သို့ ရောက်ရှိပြီး ဟိုတယ်သို့ ကားဖြင့်သွားမည်။ အနားယူပြီးနောက် လေးမျက်နှာဘုရားသို့ သွားရောက်လည်ပတ်ဖူးမျှော်မည်။ ညစာကို ရိုးရာစားသောက်ဆိုင်တွင် သုံးဆောင်ပြီး ဘန်ကောက်မြို့တွင်း လည်ပတ်ပြီး ဟိုတယ်တွင် ညအိပ်မည်။

ဒုတိယနေ့
ဟိုတယ်တွင် နံနက်စာ စားပြီး Sukhothai သို့ ကားဖြင့်သွားမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် စားမည်။ ထို့နောက် ရှေးဟောင်း တန်ခိုးကြီးဘုရားများသို့ သွားရောက်ဖူးမျှော်မည်။ ညနေစာကို စားသောက်ဆိုင်တွင် စားပြီး ဟိုတယ်တွင် ညအိပ်မည်။

တတိယနေ့
နံနက်စာကို ဟိုတယ်တွင် စားသောက်ပြီး ဇင်းမယ် (Chaing Mai) သို့ ဆက်လက်ထွက်ခွါမည်။ ဇင်းမယ်မြို့သို့ ရောက်ရှိကာ Doi Suthep (မန္တလေးမြို့ရှိ မြွေကြီးနှစ်ကောင်ဘုရား၏ ညီအစ်ကိုဘုရား) သို့ သွားရောက်ဖူးမျှော်မည်။ နေ့လည်စာကို ရိုးရာစားသောက်ဆိုင်တွင် သုံးဆောင်ပြီး ဗုဒ္ဓခြေတော်ရာနှင့် သင်္ကန်းကျတော်မူရာနေရာသို့ သွားမည်။ ထို့နောက်ညနေစာ စားသောက်ပြီး ဟိုတယ်တွင် ညအိပ်မည်။

စတုတ္ထနေ့
ဟိုတယ်တွင် နံနက်စာ စားပြီး Ayuttaya သို့ဆက်လက်ထွက်ခွါမည်။ နေ့လည်စာ စားပြီး ရှေးဟောင်းဘုရားများသို့ လည်ပတ်ဖူးမျှော်မည်။ ဟိုတယ်တွင် ညအိပ်အနားယူမည်။

ပဉ္စမနေ့
ဟိုတယ်တွင် နံနက်စာ စားပြီး Pattaya သို့သွားမည်။ လမ်းခရီးတွင် Nong Nooch ပန်းဥယျာဉ်ကျေးရွာသို့ သွားရောက်လည်ပါတ်မည်။ ထိုဥယျာဉ်ရှိ ဆင်ပြပွဲ၊ ထိုင်းရိုးရာယဉ်ကျေးမှု သရုပ်ပြပွဲများကို ကြည့်ရှုပြီး Pattaya သို့ ဆက်သွားကား ကမ်းခြေတွင် သင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွဲမည်။ ထို့နောက် ဘန်ကောက်သို့ ပြန်လာပြီး ညနေစာကို စားသောက်ဆိုင်တွင် စားသောက်မည်။ ထို့နောက်လေဆိပ်သို့သွားကာ ညလေယာဉ်ဖြင့် ရန်ကုန်သို့ ပြန်လာမည်။

ဈေးနှုန်းတယောက်လျှင် US$ 550

ဝန်ဆောင်မှုတွင် ပါဝင်သောအရာများ
၁။ ဘန်ကောက် Airport Tax နှင့် အသွားအပြန် လေယာဉ်လက်မှတ် (ရန်ကုန်-ဘန်ကောက်-ရန်ကုန်)
၂၊။ ခရီးစဉ်တလျှောက် ကားအကြိုအပို့
၃။ ခရီးစဉ်တွင်ပါဝင်သည့်အတိုင်း နံနက်စာ၊နေ့လည်စာနှင့်ညစာ
၎။ ထိုင်းနိုင်ငံဝင်ခွင့်ဗီဇာနှင့် ၀န်ဆောင်မှုစားရိတ်
၅။ ခရီးစဉ်အစအဆုံးအတွက် ခရီးသွားအာမခံ
၆။ ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်တွင် တည်းခိုစားရိတ်
၇။ မြန်မာစကားပြန်နှင့်ထိုင်းဧည့်လမ်းညွှန်

ဝန်ဆောင်မှုတွင် မပါဝင်သောအရာများ
၁။ ဖော်ပြပါခရီးစဉ်တွင် မပါဝင်သောလည်ပတ်မှုများ
၂၊။ ရေသန့်ဘူးနှင့်အချိုရည်များ
၃။ လေယာဉ်အတွက် ၀န်ပိုသယ်ဆောင်စားရိတ်

အခြားအလားတူခရီးစဉ်များ
၁၊ ဘန်ကောက် ဖူးခက် အယုဒ္ဓယ ၅ညအိပ် ၆ ရက်ခရီးစဉ်
၂။ ဘန်ကောက် အယုဒ္ဓယ ပတ္တရား ၄ ညအိပ် ၅ ရက်ခရီးစဉ်


ဈေးနှုန်းတယောက်လျှင် US$ ၅၅၀


enquiry myanmar
Download Myanmar Font

Grand Palace မြဘုရား
ယိုးဒယားသင်္ကြန်

ayuttaya
ယိုးဒယားသင်္ကြန်

Copyright © Vega Travel & Trading Co. Ltd.