ဘန်ကောက် ဖူးခက် အယုဒ္ဓယ ၅ညအိပ် ၆ ရက်ခရီးစဉ်
ပထမနေ့
ရန်ကုန်မှ ဘန်ကောက်သို့ ထွက်ခွါပြီး လေဆိပ်မှ ဟိုတယ်သို့ သွားပါမည်။ ကြယ်သုံးပွင့်ဟိုတယ်တွင် ညစာစားသုံးပြီး ၄င်းဟိုတယ်တွင် ညအိပ်ပါမည်။
ဒုတိယနေ့
ဟိုတယ်တွင် နံနက်စာ စားသောက်ပြီး မြဘုရားနှင့် ဘုရင့်နန်းတော်သို့ လည်ပါတ်မည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် စားသောက်ပြီး ဘန်ကောက်မြို့အတွင်း လည်ပါတ်မည်။ ညစာကို ပင်လယ်စာအ၀စားဆိုင်တွင် စားသောက်မည်။ ဟိုတယ်သို့ပြန်လာပြီး ညအိပ်အနားယူမည်။
တတိယနေ့
မနက်လေယာဉ်ဖြင့် ဖူးခက်ကမ်းခြေသို့သွားမည်။ ဖူးခက်သို့ရောက်ရှိပြီး တန်ခိုးကြီးဘုရားများကို ဖူးမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် စားသောက်မည်။ ထို့နောက်ညနေစောင်းပိုင်းအထိ ဖူးခက်ကမ်းခြေတွင် လွတ်လပ်ပျော်ရွှင်စွာ ရေကစားကြမည်။ ညနေစာကို Kata Beach ပင်လယ်စာစားသောက်ဆိုင်တွင် စားသောက်ပြီး Royal Paradise ဟိုတယ်တွင် ညအိပ်အနားယူမည်။
စတုတ္ထနေ့
မနက်စာကို ဟိုတယ်တွင် စားသောက်မည်။ ထို့နောက်ကမ်းခြေဆိပ်ကမ်းသို့ ကားဖြင့်သွားပြီး Speed Boat ဖြင့် ကမ္ဘာ့အလှဆုံးကျွန်းဟု တင်စားခေါ်ဝေါ်သော ဖီဖီကျွန်းသို့ သွားရောက်လည်ပါတ်မည်။ ဖီဖီကျွန်းရှိကမ်းစပ်နှင့် ကျောက်ပန်းဆွဲများကြားတွင် ရေအောက်ကမ္ဘာ၏အလှကို ကိုယ်တိုင်ကိုယ်ကျ ရေဆင်းငုပ်၍ ကြည့်ရှုခံစားမည်။ နေ့လည်စာကို ထိုကျွန်းလေးတွင် စားသောက်ပြီးနောက် ကမ်းခြေအလှနှင့် ငါးအလှများကို ကြည့်ရှုရင်း ကမ်းခြေတွင် အနားယူမည်။ ညနေပိုင်းတွင် ဖူးခက်သို့ Speed Boat ဖြင့်ပြန်လာပြီး ညနေစာကို စားသောက်ဆိုင်တွင် စားသောက်မည်။ Royal Paradise ဟိုတယ်တွင် ညအိပ်အနားယူမည်။
ပဉ္စမနေ့
ဟိုတယ်တွင် မနက်စာ စားသောက်ပြီး လေဆိပ်သို့ကားဖြင့်သွားမည်။ လေယာဉ်ဖြင့် ဘန်ကောက်သို့ ပြန်လာမည်။ ဘန်ကောက်သို့ ရောက်ရှိပြီး လေဆိပ်မှ လေဆိပ်မှ အယုဒ္ဓယသို့ သွားရောက်လည်ပါတ်မည်။ နေ့လည်စာဖြင့် ဧည့်ခံမည်။ ထို့နောက် ဘန်ကောက်သို့ ကားဖြင့်သွားမည်။ ဘန်ကောက်မြို့၏ ညရှုခင်းအား လှည့်လည်ကြည့်ရှုကြမည်။ ဟိုတယ်တွင် ညအိပ်အနားယူမည်။
အဋ္ဌမနေ့
ဟိုတယ်တွင် နံနက်စာ စားသုံးပြီး ဘန်ကောက်မြို့တွင် စိတ်တိုင်းကျ ဈေးဝယ်ထွက်မည်။ နေ့လည်စာစားသုံးမည်။ ညနေ ၃ နာရီတွင် ဟိုတယ်မှ လေဆိပ်သို့ ကားဖြင့်သွားမည်။ ညနေလေယာဉ်ဖြင့် ရန်ကုန်သို့ ပြန်လာမည်။
ဈေးနှုန်းတယောက်လျှင် US$ 850
ဝန်ဆောင်မှုတွင် ပါဝင်သောအရာများ
၁။ လေယာဉ်လက်မှတ် (ရန်ကုန်-ဘန်ကောက်-ဖူးခက် - ဘန်ကောက် - ရန်ကုန်)
၂၊။ ခရီးစဉ်တလျှောက် ကားအကြိုအပို့
၃။ ခရီးစဉ်တွင်ပါဝင်သည့်အတိုင်း နံနက်စာ၊နေ့လည်စာနှင့်ညစာ
၎။ ထိုင်းနိုင်ငံဝင်ခွင့်ဗီဇာနှင့် ၀န်ဆောင်မှုစားရိတ်
၅။ ခရီးစဉ်အတိုင်းဝင်ကြေးများ
၆။ ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်တွင် တည်းခိုစားရိတ်
၇။ မြန်မာစကားပြန်နှင့်ထိုင်းဧည့်လမ်းညွှန်
၈။ ရေငုပ်ကိရိယာများ (ဖားခြေထောက်မပါ)
၉။ ဖူးခက်မှ ဖီဖီကျွန်းအသွားအပြန် Speed Boat
ဝန်ဆောင်မှုတွင် မပါဝင်သောအရာများ
၁။ ဖော်ပြပါခရီးစဉ်တွင် မပါဝင်သောလည်ပတ်မှုများ
၂၊။ ရေသန့်ဘူးနှင့်အချိုရည်များ
၃။ လေယာဉ်အတွက် ၀န်ပိုသယ်ဆောင်စားရိတ်
အခြားအလားတူခရီးစဉ်များ
၁၊ ဘန်ကောက် အယုဒ္ဓယ ပတ္တရား ၅ညအိပ် ၆ ရက်ခရီးစဉ်
|