vega travel bangkokbangkok travel
Home     Airtickets     Hotels     Travels     Visa     Contact     Payment     မြန်မာများအတွက်

ကွမ်ကျိုး - ရှန်ဇန်း - ဟောင်ကောင် - မကာအို ၇ညအိပ် ၈ ရက်ခရီးစဉ်

ပထမနေ့
စုရပ်မင်္ဂလာဒုံလေဆိပ်မှ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့သို့ China Southern Airline ဖြင့် စတင်ထွက်ခွါလာရာ ကွမ်ကျိုးမြို့ International Airport သို့ ရောက်ရှိကြပါမည်။ ထို့နောက် ကွမ်ကျိုးမြို့၏ ညဘက်အလှ Sightseeing များကို ကြည့ှ်ရှုခံစား၍ ညနေစာသုံးဆောင်ပြီး Hotel သို့ Check In ၀င်ပါမည်။ ဟိုတယ်တွင် ညအိပ်ရပ်နားပါမည်။

ဒုတိယနေ့
နံနက်ဟိုတယ်တွင် Breakfast သုံးဆောင်ပြီး ကွမ်ကျိုးမြို့၏ Land Mark ဖြစ်သည့် ဆိတ်ငါးကောင်ရုပ်တု၊ တရုတ်နိုင်ငံ၏ အစောဆုံးအစည်းအဝေးခန်းမ ပြတိုက်ကြီးဖြစ်သော ‘ဆွမ်ယက်ဆင် အမှတ်တရ ပြတိုက်ကြီး နှင့် စည်ကားလှသော ‘ပီကင်းလမ်း’ တို့တွင် ကြည့်ရှုလေ့လာဝယ်ယူကြပါမည်။ နေ့လည်စာနှင့် ညစာကို Local Restaurant တွင် သုံးဆောင်ကြပါမည်။ ကွမ်ကျိုးမြို့ ရှိဟိုတယ်တွင် ညအိပ် ပါမည်။

တတိယနေ့
နံနက်ဟိုတယ်တွင် Breakfast သုံးဆောင်ပြီး ကွမ်ကျိုးမြို့မှ မကာအိုမြို့သို့ ကားဖြင့် သွားရောက်ကာ တာစန်းပါးရှေးဟောင်း Church မုဒ်ဦး၊ အမြှောက်တပ်ကြီး၊ မာကယ်ဘုရားကျောင်းတို့ကို သွားရောက်လည်ပတ်ကြပြီး နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပြီး ညနေပိုင်းတွင် Casino ရုံကြီးသို့ သွားရောက်ကံစမ်းကာ Dinner ကိုသုံးဆောင်ပါမည်။ မကာအိုရှိ ဟိုတယ်တွင် ညအိပ်ပါမည်။

စတုတ္ထနေ့
နံနက်ဟိုတယ်တွင် Breakfast သုံးဆောင်ပြီး မကာအိုမြို့မှ ဟောင်ကောင်မြို့သို့ Speed Boat စီး၍ သွားကြပါမည်။ ထို့နောက်တွင် Cable ကားစီး၍ ၀ိတိုရိယ ပင်လယ်ကွေ့၏ အလှကိုရှုစားကြပါမည်။ 3Dရုပ်ရှင်၊ လင်းပိုင်နှင့် ပင်လယ်ဖျံပြပွဲ၊ သည်းထိတ်ရင်ဖို  ကစားနည်းမျိုးစုံကိုလည်း လွတ်လပ်စွာ ကစားနိုင်ပါသည်။  ထို့နောက်လှပသော ကမ်းစပ်ဘုရားကျောင်သို့ သွားရောက် ဖူးမြော်ကြပါမည်။ ဆက်လက်၍  နာမည်ကျော်ဟောင်ကောင် မင်းသား၊ မင်းသမီးများ၏ လက်ဖ၀ါး ပုံနှိပ်ထားသော Starlight  လမ်းမကြီးကိုလည်း သွားရောက် လည်ပတ်ကြပါမည်။ နေ့လည်စာနှင့် ညစာကို Local Restaurant  တွင်ဧည့်ခံပါမည်။  ဟောင်ကောင်ရှိ ဟိုတယ်တွင် ညအိပ်ပါမည်။

ပဉ္စမနေ့
နံနက်ဟိုတယ်တွင် Breakfast သုံးဆောင်ပြီး ကမ္ဘာ့အကြီးဆုံးထိုင်တော်မူ ကြေးသွန်း ဘုရားကြီးကို သွားရောက်ဖူးမြော်ပြီး ဟောင်ကောင်၏သဘာဝတောတောင်အလှ၊ ပင်လယ်အလှများကို ခံစားကြပြီး နေ့လည်ပိုင်းတွင် Shopping ထွက်ကြပါမည်။ နေ့လည်စာနှင့် ညစာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ ဟောင်ကောင်မြို့ရှိ ဟိုတယ်တွင် ညအိပ်ပါမည်။

အဋ္ဌမနေ့
နံနက်ဟိုတယ်တွင် Breakfast သုံးဆောင်ပြီး ဟောင်ကောင်မြို့မှ ရှန်းဇန်းမြို့သို့ Train ဖြင့် ထွက်ခွာ ကြပါမည်။ မြို့၏ Sightseeing များဖြစ်သော Window of the World (ကမ္ဘာ့အထင်ကရဥယျာဉ်ကြီး) ကိုဝင်ရောက်၍ ကမ္ဘာ့အံ့ဖွယ်ရှုခင်းများ ၊ မြန်မာနိုင်ငံ၏ ရွှေတိဂုံဘုရားပုံစံငယ်၊ ကမ္ဘောဒီးယား၏ Angkorwat ၊ ပြင်သစ်နိုင်ငံ၏မျှော်စင်ကြီး၊ အီဂျစ်နိုင်ငံ၏ Pyramid အစရှိသည့် အရှေ့အနောက် နိုင်ငံများ၏ Landmark များကို တစုတဝေးတည်း တွေ့ရှိကြရပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ကျင်ရှိကျုံဟွာ (တရုတ်နိုင်ငံ၏ အထင်ကရနေရာနှင့် တိုင်းရင်းသားကျေးရွာများ ပေါင်းထားသော ဥယျာဉ်ကြီး) ကိုသွားရောက်လည်ပတ် ကြပါမည်။ ဥယျာဉ်ထဲတွင် တရုတ်ပြည်၏ ဂရိတ်ဝေါ မဟာ တံတိုင်းကြီး၊ နန်းတော်ကြီးများ၊ မြေအောက် နန်းတော်စစ်သည်ရုပ်တုများနှင့် တိုင်းရင်းသား ရိုးရာ အကများကို အဆန်းတကြယ် အံ့သြဖွယ် တွေ့ရပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ကြပါမည်။ ရှန်းဇန်းမြို့ရှိ ဟိုတယ်တွင် ညအိပ်ပါမည်။

သတ္တမနေ့
နံနက်ဟိုတယ်တွင် Breakfast သုံးဆောင်ပြီး လေယာဉ်တင်သဘောင်္ကြီးများကို အပြင်ဘက်မှ သွားရောက်လေ့လာပြီး လျှံဟွာတောင်သို့သွားရောက်၍ ရှန့်ဇန်းတစ်မြို့လုံးကို ကြည့်ရှုခံစားရင်း ‘တုံမှိန် ဈေးတန်းကြီး’ တွင် Shopping ထွက်ကြပါမည်။ ထို့နောက် ကွမ်ကျိုးမြို့သို့ကားဖြင့် ထွက်ခွာကြပါမည်။ ကွမ်ကျိုးမြို့ ရှိဟိုတယ်တွင် ညအိပ်ပါမည်။

န၀မနေ့
နံနက်ဟိုတယ်တွင် Breakfast သုံးဆောင်ပြီး ကွမ်ကျိုးမြို့မှ ရန်ကုန်မြို့သို့    ပြန်လည်ထွက်ခွာပြီး နေ့လည်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပါမည်။

ဈေးနှုန်းတယောက်လျှင် US$ 1400

ဝန်ဆောင်မှုတွင် ပါဝင်သောအရာများ
၁။ လေယာဉ်လက်မှတ် (ရန်ကုန်-ကွမ်ကျိုး-ရန်ကုန်)
၂၊။ ခရီးစဉ်တလျှောက် ကားအကြိုအပို့
၃။ ခရီးစဉ်တွင်ပါဝင်သည့်အတိုင်း နံနက်စာ၊နေ့လည်စာနှင့်ညစာ
၎။ တရုတ်နိုင်ငံဝင်ခွင့်ဗီဇာနှင့် ၀န်ဆောင်မှုစားရိတ်
၅။ ခရီးစဉ်ဝင်ကြေးများ
၆။ ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်တွင် တည်းခိုစားရိတ်
၇။ မြန်မာစကားပြန်နှင့်ထိုင်းဧည့်လမ်းညွှန်

ဝန်ဆောင်မှုတွင် မပါဝင်သောအရာများ
၁။ ဖော်ပြပါခရီးစဉ်တွင် မပါဝင်သောလည်ပတ်မှုများ
၂၊။ ရေသန့်ဘူးနှင့်အချိုရည်များ
၃။ လေယာဉ်အတွက် ၀န်ပိုသယ်ဆောင်စားရိတ်

အခြားအလားတူခရီးစဉ်များ
၁၊ ဘန်ကောက် ဖူးခက် အယုဒ္ဓယ ၅ညအိပ် ၆ ရက်ခရီးစဉ်


ဈေးနှုန်းတယောက် US$ ၁၄၀၀


enquiry myanmar
Download Myanmar Font

Hong Kong
ဟောင်ကောင်

Macao
မကာအို

Copyright © Vega Travel & Trading Co. Ltd.