vega travel bangkokbangkok travel
Home     Airtickets     Hotels     Travels     Visa     Contact     Payment     မြန်မာများအတွက်

အိန္ဒိယနိုင်ငံ ကာလကတ္တား ဗုဒ္ဓါဂါယာ(သံဝေဇနိယလေးဌာန) နီပေါနိုင်ငံလုမ္ဗနီ
(10 Nights,11 Days Trip)

ပထမနေ့
စုရပ်မင်္ဂလာဒုံလေဆိပ်သို့ Check In ၀င်ရပါမည်။ India Airline ဖြင့်ထွက်ခွာလာရာ ညနေပိုင်းတွင် ကာလကတ္တားမှ ဂါယာမြို့သို့ညအိပ်ကားဖြင့် ထွက်ခွာပါမည်။
 
ဒုတိယနေ့
နံနက်ဂါယာမြို့သို့ရောက်ရှိရာတည်းခိုဆောင်များတွင် နေရာချထားပြီးအနားယူကြပါမည်။ နံနက်စောစော (၉း၀၀)နာရီခန့်တွင် ဗောဓိပင်နှင့်ရွှေပလ္လင် ဒုက္ခစရိယာအား ဖူးမြော်ကြပါမည်။ ညနေပိုင်း ကိုယ်ပိုင်အချိန်ပေးပါမည်။ ဂါယာမြို့ရှိမဟာအောင်မြေဘုန်းတော်ကြီးကျောင်းတည်းခိုဆောင်တွင် ညအိပ်အနားယူမည်။
 
တတိယနေ
နံနက်သုဇာတာဃနာနို့ဆွမ်းကပ်ရာနေရာနှင့်မင်းတုန်းမင်းဇရပ်၊ International ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် ဂျပန်ကမာကူရဘုရားအားဖူးမြော်ကြပြီး နေ့လည်ပိုင်းတွင် ကိုယ်ပိုင်အချိန်ပေးပါမည်။
ဂါယာမြို့ရှိ မဟာအောင်မြေဘုန်းတော်ကြီးကျောင်းတည်းခိုဆောင်တွင် ညအိပ်အနားယူမည်။
 
စတုတ္ထနေ့
နံနက်ဂါယာမှဗာရာဏသီသို့ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် ရောက်ရှိပြီး ပဉ္စ၀ဂီငါးဦးအား တရားဦးဟောကြားတော်မူရာ မိဂဒါဝုန်တောနှင့်ဓမေခစေတီတော်အား ဖူးမြော်ကြပါမည်။
ဗာရာဏသီမြို့ရှိ မိဂဒါဝုန်မြန်မာဘုန်းကြီးကျောင်းတည်းခိုဆောင်တွင် ညအိပ်အနားယူမည်။
 
ပဉ္ဖမနေ့
နံနက်ချောက်ခန္ဒီစေတီတော်အား ဖူးမြော်ပြီးနောက်ဂင်္ဂါမြစ် Sightseeing အား သွားရောက်ကြည့်ရှုကြပြီး သာဝတ္ထိသို့ထွက်ခွာပါမည်။ ညနေပိုင်းတွင်ဇေတ၀န်ကျောင်းတော်ရာဟောင်းနှင့် အာနန္ဒာဗောဓိသာဝတ္ထြိမို့
ဟောင်းသို့ သွားရောက်ဖူးမြော်ကြပါမည်။ သာဝတ္ထိမြို့ရှိ မြန်မာဘုန်းကြီးကျောင်းတည်းခိုဆောင်တွင် ညအိပ်အနားယူမည်။
 
ဆဋ္ဌမနေ
နံနက်သာဝတ္ထိမြို့မှဆက်လက်ထွက်ခွာလာရာ အိန္ဒိယနိုင်ငံ-နီပေါနှစ်နီုင်ငံ နယ်စပ်ထွက်ပေါက်မှတဆင့် လုမ္ဗနီသို့ထွက်ခွာပါမည်။ မြန်မာရွှေကျောင်းတော်ကြီးတည်းခိုဆောင်(လုမ္ဗနီ)တွင် ညအိပ်အနားယူမည်။
 
သတ္တမနေ့
နံနက်နယ်စပ်ထွက်ပေါက်မှတဆင့် အိန္ဒိယနိုင်ငံသို့ပြန်လည်ဝင်ရောက်ပြီး ကုသိန်ရုံသို့ ထွက်ခွာကြပါမည်။ မြတ်စွာဘုရားပရိနိဗာန်စံတော်မူသည့်ရုပ်ပွားတော်နှင့် တေဇောဓာတ်လောင်ကျွမ်းတော်မှုသည့်
နေရာရှိ အင်္ဂါရစေတီတော်အား ဖူးမြော်ကြပါမည်။ ကုသိနာရုံမြန်မာဘုန်းကြီးကျောင်းတည်းခိုဆောင် (ကုသိနာရှံ)တွင် ညအိပ်အနားယူမည်။
 
အဋ္ဌမနေ့
နံနက်စောစောရာဇဂြိုလ်သို့ထွက်ခွာကြပါမည်။ ပတ္တနားမြို့ကိုဖြတ်ကျော်ပြီးလမ်းတွင် ဝေသာလီမြို့ဟောင်းသို့ ကြည့်ရှုလေ့လာကြပါမည်။ ရာဇဂြိုလ်မြို့ရှိရခိုင်ဘုန်းတောင်ကြီးကျောင်း တည်းခိုဆောင်
တွင် ညအိပ်အနားယူမည်။
 
န၀မနေ့
နံနက်ဂိဇ္စုကုဋ်တောင်ဗိမိသာရအကျဉ်းထောင်၊ ဝေဘာရတောင်ရေပူစမ်း၊ နာလန္ဒာတက္ကသိုလ်နှင့် အခြားဖူးမြော်စရာများအား ဖူးမြော်ပြီး ညနေပိုင်းကာလကတ္တားမြို့သို့ ညအိပ်ကားဖြင့်ပြန်လည်ထွက်ခွာပါမည်။
 
ဒဿမနေ့
နံနက်စောစောကာလကတ္တားမြို့သို့ရောက်ရှိအနားယူကြပါမည်။ နေ့လည်ပိုင်းမှညပိုင်းအထိ Sience City ။ဧဒင်ဥယျာဉ်။ New Market နှင့်ကာလကတ္တားမြို့ပေါ် Shopping များသို့ လေ့လာကြည့်ရှုကြပါမည်။ ဗောဓိသုခဘုန်းတော်ကြီးကျောင်း တည်းခိုဆောင်(ကာလကတ္တား)တွင် ညအိပ်အနားယူမည်။
 
ဧကဒဿမနေ့
နံနက်ပိုင်းတွင် ကာလကတ္တားမှရန်ကုန်သို့ India Airline ဖြင့်ပြန်လည်ထွက်ခွာရာ မြန်မာစံတော်ချိန်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့သို့ချောမောစွာ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

ဈေးနှုန်းတယောက်လျှင် ၈၅၀,၀၀၀ ကျပ်

ဝန်ဆောင်မှုတွင် ပါဝင်သောအရာများ
၁။လေယာဉ်လက်မှတ်(ရန်ကုန်-အိန္ဒိယနိုင်ငံ-ရန်ကုန်)
၂။ခရီးစဉ်တစ်လျှောက်ကားအကြိုအပို့
၃။ခရီးစဉ်တွင်ပါဝင်သည့်အတိုင်းနံနက်စာ၊နေ့လည်စာနှင့်ညစာ
၎။အိန္ဒိယနိုင်ငံဝင်ခွင့်ဗီဇာနှင့်ဝန်ဆောင်မှုစရိတ်
၅။ခရီးစဉ်ဝင်ကြေးများ
၆။တည်းခိုစရိတ်
၇။မြန်မာစကားပြန်နှင့်ဧည့်လမ်းညွှန်

ဝန်ဆောင်မှုတွင် မပါဝင်သောအရာများ
၁။ ဖော်ပြပါခရီးစဉ်တွင် မပါဝင်သောလည်ပတ်မှုများ
၂၊။ ရေသန့်ဘူးနှင့်အချိုရည်များ
၃။ လေယာဉ်အတွက် ၀န်ပိုသယ်ဆောင်စားရိတ်

အခြားအလားတူခရီးစဉ်များ
၁၊ ဘန်ကောက် အယုဒ္ဒယ ပတ္တရား ၄ညအိပ် ၅ ရက်ခရီးစဉ်
၂။ စင်္ကာပူ၊ မလေးရှား(ကွာလာလမ်ပူ) ၆ညအိပ် ၇ ရက်ခရီးစဉ်

ဈေးနှုန်းတယောက်လျှင်
၈၅၀,၀၀၀ ကျပ်


enquiry myanmar
Download Myanmar Font

Buddha Gaya
ဗုဒ္ဓဂါယာ



Copyright © Vega Travel & Trading Co. Ltd.