vega travel bangkokbangkok travel
Home     Airtickets     Hotels     Travels     Visa     Contact     Payment     မြန်မာများအတွက်

စကာင်္ပူ-မလေးရှား(ကွာလာလမ်ပူ) ၆ညအိပ် ၇ ရက်ခရီးစဉ်

ပထမနေ့
မင်္ဂလာဒုံ International Airport မှစတင်ထွင်ခွာရာစင်္ကာပူချန်ဂီလေဆိပ်သို့ရောက်ရြှိပီး၎င်းမှတဆင့်တည်းခိုမည့် Hotel သို့ဆက်လက်ထွက်ခွာကြပါမည်။ ညနေပိုင်းတွင် Orchard Road Sightseeing နှင့်အရှေ့တောင်အာရှတွင် နာမည်ကြီး ကုန်တိုက်ကြီးများသို့ Shopping ထွက်ပါမည်။ Orchard Road ရှိ Restaurant တွင်ညနေစာဖြင့်ဧည့်ခံပါမည်။ Over Night in Singapore စင်္ကာပူတွင် ညအိပ်ပါမည်။

ဒုတိယနေ့
ဟိုတယ်တွင် Breakfast သုံးဆောင်ပြီးစင်္ကာပူနိုင်ငံရဲ့ Land Mark ဖြစ်သည့် Durian နှင့် Merlion သို့အမှတ်တရဓါတ်ပုံ ရိုက်ကြပြီး စင်္ကာပူရောက်မြန်မာများ စုဝေးရာ Peninsular plaza သို့သွားရောက်လေ့လာကြပြီး နေ့လည်စာအား ၄င်းတွင်မြန်မာထမင်းဟင်းဖြင့်ဧည့်ခံပါမည်။ ၄င်းနောက် Suntec Shopping Mall အား လှည့်လည်ကြည့်ရှုကြပြီး ညနေပိုင်းတွင် MRTခေါ်အမြန်ရထားစီးသည့်အစီအစဉ်ကို ထည့်သွင်းထားပြီး China Town နှင့် Little India သို့သွားရောက်ကြည့်ရှုကြပါမည်။ ညနေစာအား Maraina Bay တွင် Sea Food အသားကင်ဘူဖေးဖြင့်ဧည့်ခံပါမည်။ Over Night in Singapore စင်္ကာပူတွင် ညအိပ်ပါမည်။

တတိယနေ့
ဟိုတယ်တွင် Breakfast သုံးဆောင်ပြီး နေ့လည်(၁၂း၀၀)နာရီအထိကိုယ်ပိုင်အချိန်ပေးပါမည်။ ၄င်းနောက်နေ့လည်စာဖြင့် ဧည့်ခံပြီး Sentosa Island သို့သွားရောက်ကြည့်ရှုကြပြီး Sentosa တွင် Under Water World ကြည့်ခြင်း၊ ရေပန်းအကအစီအစဉ်များပါဝင်သည်။ ညနေစာအားကျွန်းတွင် ဧည့်ခံပြီး အပန်းဖြေအနားယူကြပါမည်။ ည(၁၀း၀၀)နာရီခန့်တွင် စင်္ကာပူနှင့် မလေးရှားနယ်စပ်ထွက်ပေါက်မှတဆင့် မလေးရှားသို့ညအိပ်ကားဖြင့် ထွက်ခွာကြပါမည်။

စတုတ္ထနေ့
နံနက်စောစောမလေးရှားနိုင်ငံ Genting High Land သို့ရောက်ရှိမည်ဖြစ်ပါသည်။ (Genting Highland ဆိုသည်မှာမလေးရှားတွင် နာမည်ကြီးအပန်းဖြေတောင်ပေါ်စခန်းမြို့ဖြစ်ပြီး ကာစီနိုကစား ကွင်းများနှင့် လူကြီးလူငယ်မရွေးကစားနိုင်သည့်ကစားကွင်းများ ရှိသောနေရာတစ်ခုဖြစ်ပါသည်) ကမ္ဘာပေါ်တွင်အခန်းအရေအတွက် အများဆုံးဆုကို ရသောဟိုတယ်ဖြစ်သည့် First World ဟိုတယ်တွင်ဧည့်ခံပါမည်။ တစ်နေ့လုံးကစားကွင်းများတွင် ကစားရင်းအပန်းဖြေကြပါမည်။ Over Night in First World Hotel

ပဉ္စမနေ့
ဟိုတယ်တွင် Breakfast သုံးဆောင်ပြီး Sightseeing များဖြစ်သည့် Time Square Twin Tower Shopping များသို့သွားရောက်ကြည့်ရှုလေ့လာကြပါမည်။ နေ့လည်စာနှင့်ညနေစာအားတရုတ် မလေးအစားအစာဖြင့်ဧည့်ပါမည်။ Over Night in Kulalumpur ကွာလာာမ်ပူတွင် ညအိပ်ပါမည်။

ဆဋ္ဌမနေ့
ဟိုတယ်တွင်Breakfast သုံးဆောင်ပြီး နေ့လည်ကိုယ်ပိုင်အချိန်ပေးပါမည်။ ညနေပိုင်းတွင် China Town နှင့် ကုန်တိုက်ကြီးများသို့ ပို့ဆောင်ပေးပါမည်။ Over Night in Kulalumpur ကွာလာာမ်ပူတွင် ညအိပ်ပါမည်။

သတ္တမနေ့
နံနက်ကွာလာလမ်ပူမှစင်္ကာပူသို့ ပြန်လည်ထွက်ခွာလာပြီး နေ့လည်စာဖြင့်ဧည့်ခံပါမည်။ ၄င်းနောက်ချန်ဂီလေဆိပ်သို့ Check In ၀င်ပြီး လေကြောင်းလိုင်း ဖြင့်ပြန်လည်တွက်ခွာလာရာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ချောမောစွာပြန်လည်ရောက်ရှိပါမည်။

ဈေးနှုန်းတယောက်လျှင် US$ 1,100 / 880(Child)

ဝန်ဆောင်မှုတွင် ပါဝင်သောအရာများ
၁။လေယာဉ်လက်မှတ်(ရန်ကုန်-စင်္ကာပူ-မလေးရှား-ရန်ကုန်)
၂။ခရီးစဉ်တစ်လျှောက် ကားအကြိုအပို့
၃။ခရီးစဉ်တွင် ပါဝင်သည့်အတိုင်းနံနက်စာ၊နေ့လည်စာနှင့်ညစာ
၎။စင်္ကာပူ၊မလေးရှား နှစ်နိုင်ငံဝင်ခွင့်ဗီဇာနှင့်ဝန်ဆောင်မှုစရိတ်
၅။ခရီးစဉ်ဝင်ကြေးများ
၆။ကြယ်သုံးပွင့်အဆင့်ရှိဟိုတယ်တွင်တည်းခိုစရိတ်
၇။မြန်မာစကားပြန်နှင့်ဧည့်လမ်းညွှန်

ဝန်ဆောင်မှုတွင် မပါဝင်သောအရာများ
၁။ ဖော်ပြပါခရီးစဉ်တွင် မပါဝင်သောလည်ပတ်မှုများ
၂၊။ ရေသန့်ဘူးနှင့်အချိုရည်များ
၃။ လေယာဉ်အတွက် ၀န်ပိုသယ်ဆောင်စားရိတ်

အခြားအလားတူခရီးစဉ်များ
၁၊ ဘန်ကောက် ဖူးခက် အယုဒ္ဓယ ၅ညအိပ် ၆ ရက်ခရီးစဉ်


ဈေးနှုန်းတယောက်လျှင်
US$ ၁၁၀၀ (လူကြီး)
US$ ၈၈၀ (ကလေး)


enquiry myanmar
Download Myanmar Font

Singapore စင်္ကာပူ
စင်္ကာပူ

Malaysia မလေးရှား(ကွာလာလမ်ပူ)
မလေးရှား(ကွာလာလမ်ပူ)

Copyright © Vega Travel & Trading Co. Ltd.